
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
photo shop ကတော့ တင်ထားပေးတာလည်းရှိပါတယ်..
Adobe photoshop protable 1,2, 3, 4, 5, ဆော့ဝဲလ် တွေပါ အင်းစတောလုပ်စရာမလိုပဲတိုက်ရိုက်အသုံးပြုလို့ရအောင်စုစည်းတင်ပေးလိုက်ပါတယ်
C:\Windows\system32\rundll32.exe DwmApi #105
။ပြီးရင်တော့ Next ပေါ် ကြိုက်တဲ့ နာမည်နဲ့ အိုခေလိုက်ပါဗျာ ။%SystemRoot%\System32\imageres.dll
ကွန်ပျူတာကိုမီးထိုင်ရှို့မယ်
ကွန်ပျူတာကို
မီးရှို့လို့ရတဲ့ Software
လေးတစ်ခုနဲ့မိတ်ဆက်ပေးလိုပါတယ်..သိပြီးသားသူတွေကလဲ ဒီထက်ကောင်းတာလေးရှိရင်
ပြန်လည်ဝေမျှပေးပါ။ ဒီ Software လေးဟာဆိုရင်..Install လုပ်ပြီးတာနဲ့
ကွန်ပျူတာပေါ်မှာ မီးတောက်စာတန်းတွေပေါ်လာမှာဖြစ်သလို…ကိုယ်ကလိရင် ကလိနိုင်သလောက် မီးတောက်တွေကို ကိုယ်တိုင်ရေးဆွဲပြီး Desktop ပေါ်မှာလောင်ကျွမ်းနေအောင်ပြုလုပ်လို့ရနိုင်ပါသေးတယ်။ နောက်တစ်ခုက Desktop ပေါ်မှာတင်ထားတဲ့ Icon တွေပေါ်မှာ မီးလောင်နေအောင်လို့လဲ ပြုလုပ်နိုင်ပါသေး တယ်..မိမိက မောက်စ်နဲ့ ပန်ချီဆွဲတာတော်တယ်ဆိုရင်တော့..မိမိကိုယ်တိုင် အရုပ်တွေ..စာတန်းတွေစသဖြင့် ရေးဆွဲပြီး သိမ်းထားလို့ရပါတယ်..သုံးချင်တဲ့အချိန်ထုတ်သုံးရုံပါဘဲ။ နည်းနည်းလေးကလိလိုက်တာနဲ့ တန်းပြီး သဘောက်ပေါက်မှာဖြစ်တဲ့အတွက် ပုံတွေနဲ့မဖော်ပြတော့ဘူးနော်..စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာ ဒေါင်းသွားကြနော်..။ကဲ……….ရှို့လိုက်ကြစို့ဘော်ဒါတို့ရေ………..။ (မီးသတ်ဌာနက ဖုန်းနံပတ်လေးတော့အလွတ်ရကြတယ်မလားဟေ့………P) Download Here!..... |
USB 1GB to 2GB
ကဲ..အခု ကျွန်တော် အခြားဆိုက်တွေကို မွှေရင်းနှောက်ရင်းနဲ့ အများအတွက်အကျိုးရှိစေမယ့် Software လေးတစ်ခုကို www.m51a.com ကနေရှာတွေ့လာပါတယ်။ အဲဒါကတော့ နဂို ၀ယ်ကတည်းက 1GB
ပမာဏပဲပါလာတဲ့..Mp3,4,SD Card,Memory Stick,Memory Card တွေကို 2GB ပမာဏ ဖြစ်အောင် ပြောင်းလဲပေးတဲ့ Software လေးပါ။ သူ့ကို 1GB ရှိတဲ့ Card တွေမှာဘဲ 2GB အထိတိုးအောင် အသုံးပြု လို့ရမှာပါ။ Software အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး Card ထဲမှာရှိတဲ့ Data တွေအကုန်လုံးကို အခြား နေရာတစ်ခုခုပေါ်သို့ကော်ပီကူးလိုက်ပါ။ ဘာလို့လဲဆိုတော့ ဒီ Software က Card တစ်ခုလုံးကို Format ရိုက်လိုက်မှာဖြစ်ပါတယ်။ ဖောမတ်ချပြီးရင် Card ကို စက်မှ ထုတ်ခိုင်းပါမယ်။ Card ကို ဖြုတ်ပြီး ပြန်ထည့်လိုက် ပါ။ ပြီးရင် My Computer ကိုဖွင့်ပြီး မိမိပမာဏ တိုးထားတဲ့ Card ပေါ်ကို Right Click ထောက်၊ Properties ခေါ်ပြီးကြည့်လိုက်ရင် 2GB ဖြစ်နေတာကို တွေ့ရပါမယ်ခင်ဗျာ။ Download Here |
မြန်မာဘာသာပြန်ဆော့ဝဲလေးပါ လန်းတယ်နော်
window
myanmar translator version 1.0 ဆော့ဝဲလေးပါ။myanmar3ဖောင့်လေးပါ
ထည့်ပေးထားပါတယ်။သူက myanmar3 ဖောင့်နဲ့ မှ အဆင်ပြေမှာပါ။ အောက်မယ်
ဘာသာပြန်Software
အတွက် လင့်လေးတွေ ထည့်ပေးလိုက်ပါတယ်။ ကြိုက်တဲ့နေရာက ယူပါ။ Windows Myanmar Translator Version 1.0 Dowload Here(As you like) http://www.mediafire.com/?u6m7bcqcp7gk2in http://ifile.it/oiwn14l/windws_myanmar_translator_version1.0_with_m... http://www.zshare.net/download/849350322ba2a361/ http://www.zshare.net/download/849350322ba2a361/ http://www.mirrorcreator.com/files/0RZXPYIR/ ဒါလေးက myanmar3 ဖောင့်သပ်သပ် လိုချင်သူများအတွက်ပါ။(As you like) http://www.mediafire.com/?b6al8mqpa6eas8l http://ifile.it/0yxw2au/myanmar3.2.0.273.zip http://www.ziddu.com/download/13322186/myanmar3.2.0.273.zip.html http://www.zshare.net/download/84955723b98c6cf1/ http://www.mirrorcreator.com/files/1QNLQVNU/ မြန်မာချစ်သူမှ မရှင်း၏တင်ပြချက်ဖြစ်ပါသည်။ IMD က FireFox မှာအလုပ်မလုပ်ရင်
ကျွန်တော်ကို
မေးထားတာတွေရှိပါတယ် ။ ဒါပေမယ့် ကျွန်တော်မသိသေးတာနဲ့ မတင်ဖြစ်လိုက်ပါဘူး
။ ပြောရရင် ကျွန်တော် ကိုယ်တိုင်းလည်း အဲဒီပြသနာနဲ့ ရင်ဆိုင်နေရတာပါ ။
ကျွန်တော် IDM လည်း Firefox မှာ အလုပ်မလုပ်ပါဘူးဗျ ။ သူတို့မေးတော့မှ
ကျွန်တော်လည်း အဖြေရှာရတာပေါ့ဗျာ ။ ခုတော့ ရပါပြီ ။ လွယ်လွယ်လေးပါဗျာ ။
မေးထားတဲ့ သူငယ်ချင်းတွေလည်း ကျေးဇူးတင်ပါတယ် ။ သူတို့ မေးလို့လည်း
ကျွန်တော် အတွက် အလုပ်တစ်ခုရတာပေါ့ ။ ဒါကြောင့် သူငယ်ချင်းတို့ရေ
ဘာပဲဖြစ်ဖြစ် ဘယ်လိုအခက်ခဲပဲ ကြုံကြုံ ပြောပါ ။ မေလ်းပို့ပါ ။ ကျွန်တော်
တော်လို့ အဲလိုပြောတာ မဟုတ်ဘူး ။ ဒါပေမယ့် ရှာလို့တော့ တတ်တယ် ။ ဒါကြောင့်
။
စကားများသွားပြန်ပြီ.... စာဖတ်သူရဲ့ IDM လည်း Firefox မှာ အလုပ်မလုပ်ဘူးဆိုရင် ဒီတိုင်းလေးပဲလုပ်ပေးလိုက်ပါ ။ အဆင်ပြေပါလိမ့်မယ် ။ ကျွန်တော် တင်ထားတဲ့ ပိုစ့်တွေ အတွက် ကျွန်တော် အာမခံတယ် ။ ဘာလို့ဆိုတော့ ကျွန်တော် ကိုယ်တိုင် စမ်းပြီး အောင်မြင်ပြီးမှပဲ ကျွန်တော်တင်တာ ။ ပြောရဦးမယ်...ကျွန်တော်ရဲ စာတစ်ပုဒ်အကြောင်းကို ပါ ။ သူငယ်ချင်းတွေကို အွန်လိုင်းကနေ ဖုန်းခေါ်ရင်းနောက်မယ် ဆိုတဲ့ ပိုစ့်ပါ ။ စာဖတ်သူလည်း ဖတ်ဖူးကောင်း ဖတ်ဖူးလိမ့်မယ်ထင်ပါတယ် ။ အဲဒါ နည်းနည်းလေး ဖြေရှင်းချက်ပြောချင်ပါတယ် ။ ကျွန်တော်ရဲ့ ပိုစ့်နာမည်ကို သေချာဖတ်နော် ။ သူငယ်ချင်းတွေကို အွန်လိုင်းကနေဖုန်းခေါ်ရင်း နောက်မယ် ။ စကားပြောမယ် မဟုတ်ဘူးနော် ။ နောက်တာလေးတင် အပုံအတိုင်းသွားလိုက်ပြီး Call now ကို နိပ်လိုက်ပါ က ။ အင်တာနက်ကနေ ခေါ်ပါလိမ့်မယ် ။ စကားပြောလို့မရဘူး ။နောက်တာလေးတင် ။ ပြီးတော့လည်း ။ ကျွန်တော်ကိုယ်တိုင် လုပ်တာကတော့ ဖုန်းနံပါတ်တွေကို Add ပြီးတော့ ခေါ်ရတာ ။ ကိုယ့်ဖုန်းနံပါတ်ကို ထည့်ခါစက လိုမျိုးပေါ့ ။ ရပါတယ် ကျွန်တော်ကိုယ်တိုင် ကျွန်တော့် သူငယ်ချင်းတွေကို နောက်ပြီးပါပြီ ။ တစ်ယောက်က အရက်မူးနေတုန်းမို့ မသိလိုက်ပါဘူး ။ ကိုယ့်ဖုန်းနံပါတ်က ကိုယ့်ကို ပြန်ခေါ်နေတာနော် ။ တစ်ယောက်ကတော့ အိပ်နေတုန်း ဖုန်းဝင်လာတာ ကြည့်တော့ သူဖုန်းနံပါတ်ပဲဖြစ်ပြီး Hi! December လိုခေါ်တော့ မှ ကျွန်တော် မွှေထားမှန်း သူသိသွားတယ် ။ December လို့ နာမည် ထည့်ထားတာကိုး ။ စကားတော်တော်များလွန်သွားပြီ ။ ကဲ စမယ်နော်.... ပထမဆုံး ဒီနေရာလေးကို သွားပြီးတော့ Firefox Add-On ကို လုပ်ပါ ။ Add-On လုပ်နည်းတွေကို သိပါတယ် မလား ။ သာမန် Add-On လုပ်သမျိုးပါပဲဗျာ ။ မသိသေးတဲ့ လူတွေ တွက်ကို ရည်ညွန်းပြီး အရှည်ရေးပေးပါမယ် ။ သိပြီးသားဆိုရင်တော့ Add-On လင့်ကို သွားပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်လိုက်ရုံပဲ နော်.....။ အဲဒါလေးကို နိပ်လိုက်ရုံနဲ့ Add-On လုပ်ပြီးသားပါပဲဗျာ ။ အပုံကြည့်လိုက်ပါဦး အပေါ်က ဒီနေရာလေး ဆိုတာကို နိပ်လိုက်တာနဲ့ အဲလိုမျိုး ပေါ်လာလိမ့်မယ် ။ ဒါမှမဟုတ်ရင် တော်ကြာလင့်က အလုပ်မလုပ်ရင် အပြောခံရမှာ စိုးလို့ အောက်က စာသားကို လည်း နိပ်နိုင်ပါတ်။ http://www.internetdownloadmanager.com/idmmzcc/idmmzcc.xpi အဲဒီလိုတက်လာပြီဆိုရင် Allow ကို နိပ်လိုက်ရုံတင် ။ ပြီးရင်တော့ Install Now ဆိုတာ တက်လာလိမ့်မယ်။ နားမလည်ရင် အပုံကို ကြည့်ပါ ။ ဘာမှလုပ်စရာမလိုပါဘူး ။ Allow ကို နိပ်လိုက်တာနဲ့ တင် တက်လာပါပြီ ။ ပြီးရင်တော့ Restart ချဖို့ပဲ ကျန်တယ် ။ Restart ချတယ်ဆိုတော့ မလန့်ပါနဲ့ ။ ချက်နေရင်းမို့ ဟိုဘက်က စိတ်ဆိုးမှာကြောက်တာနဲ့ Restart ချဖို့ ကြောက်သွားတဲ့လူလည်းရှိတယ် ။ တကယ်ပြောတာ ။ Firefox ပဲ ချတာပါ ဗျ ။ ပြီးရင်တော့ ခဏလေးစောင့်ပြီးရင် ပြန်ပေါ်လာပါလိမ့်မယ် ။ အဲဒီချိန်ကရင် သင့်ရဲ့ IDM က Firefox မှာ အလုပ်လုပ်နေပြီဖြစ်ကြောင်းကို Right လိုက်ရင် သိမှာပါ ။ Window xp ကို Window 7 style ပြောင်းသုံးမယ်
Windows XP
ရဲ့မြင်ကွင်းဟာ အားလုံးသိကြတဲ့အတိုင်း ရိုးရိုးလေးပါ။ ဒါပေမယ့် Windows 7
ကိုမြင်ဖူးကြတဲ့ သူတွေကလဲ Windows 7 ရဲ့မြင်ကွင်းကို ကြိုက်ကြပါတယ်။
မြင်ဘူးသူတွေသိကြတဲ့အတိုင်းပါဘဲ..။ မြင်ရတဲ့ မြင်
ကွင်းတွေက ဖန်သားပြင် စတိုင်နဲ့မြင်ရတာလေ.။ အခု.အညာသားလေး ပြောပြပေးမယ့် Software လေးက Windows XP ကို Windows 7 Style ပြောင်းပေးမယ့် Software လေးပါဘဲ..။သူက Windows 7 အစစ်မဟုတ် ပေမယ့် မြင်ရတဲ့ မြင်ကွင်းတွေက Windows 7 အစစ်ကိုအသုံးပြုနေသလိုကိုမြင်ရမှာပါ။ ဒီ Software လေးပေါ်တာတော့ တစ်နှစ်လောက်ရှိနေပါပြီ..။ဒါပေမယ့်..ကျွန်တော်ကလဲ ဒီဆိုက်ကိုရောက်တာမကြာသေးလို့မ တင်ဖြစ်သေးတာပါ။ကွန်ပျူတာမှာ Memory 512MB လောက်ရှိရုံနဲ့ အသုံးပြုရအဆင်ပြေမှာပါ။ ကဲ..ပြောနေကြာတယ်.။ နေရာနှစ်ခုပေးထားတယ်.။ကြိုက်တဲ့ဆီက ဒေါင်းသွားလိုက်ပါခင်ဗျာ.။ As you like! Download Location (1) Download Location (2) င်္င်္Folder လေးတွေ Hide လုပ်မယ်
ကိုယ့်စက်က ဖိုင်တွေကို တစ်ခြားတစ်ယောက် မမြင်မတွေ့အောင် lock ချထားပေးမယ့်
software လေးပါ။ ဖိုင်တွေကိုမြင်ကွင်းကနေပြီးတော့ ဖျောက်ပေးထားမှာပါ။ software ကို pass ward မသိပဲလည်း uninstall လုပ်လို့မရပါဘူး။ သုံးရတာအရမ်းလွယ်ပါတယ်။စမ်းသုံးကြည့်ကြပါခင်ဗျာ။ ဒေါင်းရမယ့်လင့်က free hide folder 1.6
Computer Administastor Password
|
မြန်မာနာမည် Virus များ၊ ယင်း virus လုပ်ဆောင်ချက်နှင့် ရှင်းလင်းရန် softwares..
ကျွန်တော်တို့မြန်မာတွေကိုလည်း အထင်သေးလို့မရတော့ဘူးဗျ.။ အိုင်တီနည်းပညာတွေကို အမှီလိုက်နိုင်လာ
ရုံမက တချို့က အများကောင်းကျိုးအတွက် အသုံးချတာရှိသလို၊ တချို့ကလဲ တတ်တာနဲ့ပညာပြချင်လာကြတာ ဘဲ.သူတို့ပညာပြလိုက်လို့ခံလိုက်ရတဲ့သူတွေခမျာ ဘယ်လောက်တောင်စိတ်ဒုက္ခရောက်လိုက်မလဲဗျာ.အညား လေးကိုယ်တိုင်လဲ Magway FC Virus အကိုက်ခံလိုက်ရသေးတယ်.။ ၁နှစ်ကျော်လောက်တော့ရှိပါပြီ။ ဒီလိုဘဲ.. အခြားသူတွေလဲ အညာသားလေးကြုံတွေ့ရသလိုမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။ အခြားပြည်ပက လာတဲ့ ဗိုင်းရပ်စ်တွေက သတ်ရတာလွယ်သေးတယ်။ အဲ.မြန်မာ ဆန်ဆန်ဗိုင်းရပ်စ်တွေက တော့ မလွယ်လှပါဘူး။ အဲဒီအတွက်..သူတို့ရဲ့လုပ်ဆောင်ချက်နဲ့..တစ်ခုချင်းစီ ကိုသတ်တဲ့ Software လေးတွေကို တင်ပေးလိုက်ပါ တယ်.။အားလုံးဘဲ..ဆောင်ထားကြစေလိုပါတယ်.။ Magway FC Virus (or) mgy.exe Virus ဒီ Virus ၀င်ရင် စက်ကလေးလံနေမယ်။ Start Menu Button က Magway FC ဆိုပြီးပြောင်းနေမယ်။ File Icon တွေမှာ Magway FC ဘောလုံး Logo တွေပေါ်နေမယ်။ msconfig ခေါ်လိုရင် Restart ကျသွားမယ်။ Task manager, command, search, regedit, folder option တို့ပိတ်သွားမယ်။ Taskbar ဘယ်ဘက်ထောင့်မှာ Magway FC logo တက်တက်လာမယ်။ Drive တွေထဲက Folder တွေထဲမှာ ဖိုင်တွေ hidden ဖြစ်ပြီးပျောက်သွားမယ်။နောက် Harddrive partition အားလုံးမှာ 15MB ရှိတဲ့ Virus File တွေပွားပြီး Drive တွေ ကို Disk space တွေပြည့်အောင်ပွားတယ်။ အဆိုးရွားဆုံးကတော့ Data Partation ထဲက File တွေအားလုံး size တွေက 15MB လောက်ဖြစ်သွားအောင်ဖျက်ဆီးပါတယ်။ Virus ၀င်တာကြာလာတာနဲ့အမျှ အပေါ်မှာ ပြောပြထားတဲ့ Effect တွေ အဆင့်ဆင့်ဖြစ်ပေါ်လာပါတယ် ဖိုင်ပျက်စီးမှုတွေလည်းပိုများလာတယ်။ ဒါကြောင့် ဗိုင်းရပ်စ် ၀င်ပြီဆိုတာနဲ့ အချိန်မဆွဲဘဲ အမြန်ရှင်းလင်းပစ်လိုက်ပါ။ Magway FC Virus Cleaner ထဲမှာ readme File မှာပါတဲ့ လုပ်ဆောင်ပုံတွေဖတ်ပြီး အမြန်ရှင်းလင်းပစ်ပါ။ Chrome (or) Private_cam (or) gtalk Virus ဒီ Virus ကတော့ စက်တွေ Memory stick တွေမှာ အများဆုံးဝင်တတ်တဲ့ Virus ပါ။ အင်တာနက်ကနေကော Memory Stick တွေကပါ ကူးစက်လေ့ရှိပါတယ်။ အင်တာနက် တပ်ထားတဲ့ ကွန်ပျူတာ တွေမှာဆိုရင် gtalk သုံးတဲ့အခါ ကိုယ်မရိုက်ဘဲ private_cam စတဲ့ စကားလုံးတွေပါဝင်တဲ့ Message တွေကို ကိုယ့်သူငယ်ချင်းတွေ ဆီကိုပို့နေမယ်။ Messager Software တွေက သူ့ဘာသာပွင့်လာတယ်၊ စက်က သုံးရတာ နှေးနေမယ်၊ Windows မရှိတဲ့ partition တိုင်းက Folder တိုင်းလိုလိုထဲမှာ သူ့နဲ့နာမည်တူ exe ဖိုင်တွေ ပြန့်ပြီး မူရင်း folder တွေကိုဖျောက်ထားမယ်။ Chrome virus ကမူကွဲတွေလည်းရှိပါတယ်။ Chrome Virus Cleaner နဲ့ရှင်းပြီးရင် ပွားနေတဲ့ Folder အယောင်ဆောင် .exe virus file တွေကို ရှင်းလင်းပလိုက်ပါ။ ရှင်းလင်းနည်းကိုလည်း တစ်ခါတည်းထည့်ပေးလိုက်ပါတယ်။ Svchost Virus ဒီ Virus ၀င်ရင်တော့ Windows No Disk ဆိုပြီး Flash Drive တောင်းတဲ့ error ပေါ်ပါတယ်။ Windows Folder က သူ့အလိုလိုပွင့်လာပါတယ်။ System အထဲမှာ အလုပ်လုပ်နေတဲ့ File ပုံစံဖြစ်နေတဲ့အတွက် Antivirus အချို့နဲ့လည်း ရှာလို့မတွေ့နိုင်ပါဘူး။ Svchost Cleaner နဲ့ရှင်းလိုက်ပါ။ Loikaw Virus ဒီ Virus ၀င်ရင်တော့ Desktop ပေါ်မှာ Virus Information.txt ဆိုတဲ့ ဖိုင်တစ်ဖိုင်တွေ့ရမယ်။ ဖွင့်ကြည့်လိုက်ရင်တော့ “Hi Fri” နဲ့စတဲ့ Myanglish လိုရေးထားတဲ့ စာတွေတွေ့ရမယ်။ တစ်ခါတစ်ရံ Chit thu lay how are you ဆိုတဲ့ message box ပေါ်လာမယ်။ ကိုယ်က စာတွေရိုက်ရင်း တစ်ခါတစ်ရံ virus က message တွေပို့နေလိမ့်မယ်၊ My Computer က icon က ပြတင်ပေါက် ပုံစံလေးပြောင်းသွားမယ်၊ Task manager ၊ Registry စတာတွေကိုဖွင့်လို့မရတော့ဘူး Loikaw virus Cleaner နဲ့ရှင်းလိုက်ပါ။ Ati2avxx.exe virus ဒီ Virus ကစက်ထဲမှာ နဂိုကတည်းကရှိတဲ့ ဖိုင် ပုံစံလုပ်ထားတာပါ။ Memory Stick တွေက ကူးစက်တာပါ။ Start>Run>msconfig>strartup ထဲမှာ ati2avxx ဆိုပြီးရှိနေလိမ့်မယ်။ mburmh.exe ဆိုတဲံ jpeg icon နဲ့ဖိုင်လေးက Drive တိုင်းမှာ Hidden file အနေနဲ့ရှိနေလိမ့်မယ်။ Folder option ကိုဖွင့် ကြည့်လိုက်ရင် show Hidden files and folder နဲ့ hide protect operation system file နှစ်ခုကို ဖျောက်ထားလိုက်ပေမယ့် Computer မှာ သုံးလိုက်တဲ့ Stick တွေထဲကိုပြန့်တယ်။ ati2avxx Cleaner နဲ့ရှင်းလိုက်ပါ။ Tayat Myo Hacking day virus ဒီ Virus က Desktop ပေါ်က Software တွေရဲ့ Short cut နေရာမှာ ၀င်ရောက်နေရာယူပါတယ်။ File folder တွေကိုဖျောက်ပြီး zip file ပုံစံပြောင်းလိုက်ပါတယ်။ သွားပြီးဖွင့်ကြည့်တဲ့အခါ “thayatmyo hacking day” ဆိုပြီး စာကြောင်းတွေ လျှောက်ပြေးနေမယ်၊ Keyboard က Key တွေကြောင်ကုန်တယ်၊ ဒါဆိုရင် (Task Manager, Registry,msconfig,gpedit.msc) အဲဒါတွေ လုံးဝမခေါ်မိစေနဲ့ Thayatmyo hacking day cleaner နဲ့ရှင်းလိုက်ပါ၊ အကယ်လို့ Task Manager , Registry တို့သွားခေါ်မိမယ်ဆိုရင် ဗိုင်းရပ်စ် က Hal.dll ဆိုတဲ့ဖိုင် ကိုတောင်းပါလိမ့်မယ်။ အခု Virus Cleaner နဲ့ရှင်းပြီးပြီ ဒါပေမယ့် အခုနကဟာတွေ သွားနှိပ်မိထားတယ်ဆိုရင် Hal.dll ဆိုတဲ့ ဖိုင်ကို Windows ထဲက System32 ဆိုတဲ့ Folder ထဲကို ကော်ပီ ကူးပေးလိုက်ပါ။ တကယ်လို့များ အခုစာကိုဖတ်မိတာ နောက်ကျသွားပြီ Windows ကျသွားလို့ ဒီစာကိုတောင် အခြားကွန်ပျူတာမှာ ဖတ်နေရတာ ဆိုရင် ၀င်းဒိုးစ်ပြန်တင်ရမှာပေါ့ဆိုပြီး စိတ်ညစ်မနေနဲ့.. အညာသားလေးရေးပြထားတဲ့ အထဲမယ်။ Hal.dll ကိုပြန် ထည့်နည်းရေးပြထားတယ်.ရှာဖတ်လိုက်ပါ။ အဲ..Virus ကို Cleaner နဲ့ရှင်းဖို့တော့ မမေ့နဲ့နော်.။ Global virus ဒီ Virus ၀င်ရင်တော့ Harddisk pertition တွေမှာ မူရင်း Folder တွေပျောက်ပြီး Virus File တွေက နာမည်တူတွေရှိနေမယ်။ Task Manager ထဲမှာ Global.exe/system.exe/svchesct.exe (user Account) နဲ့ပေါင်းနေမယ်။ Your Computer is defeated ဆိုပြီး Box လေးတစ်ခု Screen မှာပေါ်ပေါ်လာပါတယ်။ msconfig ထဲက setup ထဲမှာ KeyBoard ဆိုပြီးရှိနေမယ်။ Webpage တွေဖွင့်တဲ့အခါ error တက်လာမယ်။ Global Virus cleaner နဲ့ ရှင်းလိုက်ပါ။ Global virus cleaner နဲ့ရှင်းပြီးရင် ပွားနေတဲ့ Folder အယောင်ဆောင် .exe virus file တွေကိုရှင်းလိုက်ပါ။ Killvbs.vbs virus ဒီ Virus ၀င်ရင်တော့ Taskmanager ထဲက Process ထဲမှာ Killvbs ဆိုပြီး run နေမယ်။ Windows+R နှိပ်ပြီး msconfig ရိုက်လိုက်ရင် Startup ထဲမှာ Killvbs ဆိုပြီးရှိနေမယ်။ Internet သုံးရင် IE နဲ့သုံးတဲ့အခါ တစ်ချို့ antivirus တင်ထားတဲ့စက်တွေမှာ A နဲ့ စတဲ့ Virus ကိုတွေ့ပြီး အမြဲတမ်းလည်းသတ်နေရမယ်။ ဒါဆိုရင်တော့ Killvbs Cleaner နဲ့ ရှင်လိုက်ပါ။ Funny Virus ဒီ Virus ၀င်ရင်တော့ Desktop နဲ့ My computer ထဲမှာ Funny ဆိုတဲ့ Delete လုပ်လို့မရတဲ့ Folder တစ်ခုပေါ်နေမယ်။ စက်က သုံးရတာနှေးလာမယ်။ My computer ထဲက C: ထဲမှာ ရှိတဲ့ Folder တွေကို ပျောက်နေမယ်။ ဒီ ဗိုင်းရပ်စ် ၀င်နေပြီဆိုသိသိချင်း အမြန်ဆုံးရှင်းသင့်ပါတယ် ကြာရင် ဖိုင် တွေပျက်စီးမှုတွေပိုများပါတယ်။ Funny virus cleaner နဲ့ရှင်လိုက်ပါ။ တကယ်လို့များ Funny virus ၀င်တာ ကြာရင် ပဲဖြစ်ဖြစ် မိန်းကလေးပုံပေါ်လာပြီး မွေးနေ့မေးတဲ့ Program ပေါ်လာပြီး စက် Restart ကျပြီး Windows ပြန် မတက်တော့တာဟာ virus က Hal.dll file ကိုဖျက်သွားလို့ပါ ဒါဆိုရင်တော့ Hall.dll ကိုပြန်ပြီး သွင်းလိုက်ပါ။ အညာသားလေးရဲ့ဘလော့များမှာ ရေးထားပေးပါတယ်။ရှာဖတ်ကြည့်ပါ။ Kolay Virus ဒီ Virus ၀င်ရင် Process ထဲမှာ Kolay.vbs ဆိုပြီး Process တစ်ခုRun နေမယ်။ ကြာရင်တော့ Unserinit.exe file ကိုဖျက်သွားရင် Welcome Screen ကနေဆက်ဝင်လို့မရတော့ပါဘူး။ Kolay.vbs Virus cleaner နဲ့ရှင်းလိုက်ပါ။ Nargiz Virus ဒီ Virus ၀င်ရင်တော့ Hard Drive များကို Double Click ဖြင့် ၀င်မရခြင်း၊ Logon ၀င်တဲ့အခါ Virus ကပေးထားတဲ့ ပြောင်းလဲထားတဲ့ Password ကြောင့် Logon ၀င်မရဘဲဖြစ်နေတတ်တယ်။ ဒါဆိုရင်တော့ mMs, mMs0, mMs1, mMs2, mMs3, mMs4,mMs5, mMs6,mMs7,mMs8,mMs9 ကိုမမှန်မခြင်း တစ် ခုခြင်းစီ ရိုက်ထည့်ပြီး Logon ၀င်ပြီးပါက Nargiz Virus Cleaner နှင့်ရှင်းလင်းနိုင်ပါတယ်။ Recycler Virus Recycler Virus ဆိုပြီး မူကွဲ အမျိုးမျိုးရှိတဲ့ထဲက ဒီမှာ အများဆုံးဝင်တတ်တဲ့ Recycler ကတော့ USB Drive တွေတပ်လိုက်ရင် Drive ထဲကို Recycler.exe ဆိုပြီး ၀င်ရောက်ပျံ့နှံ့ ပြီး၊ ၀င်ရောက်ခံရတဲံ ကွန်ပျူတာမှာတော့ Process တွေမှာ 59ef4c, 9b023b, fdd23C, 7EB74E စတဲ့ Process တွေ Run နေပြီး Run ကနေ msconfig ရိုက်ဖွင့်ကြည့်တဲ့အခါ Startup မှာ iiiiii, 59ef4c, 9b023b, fdd23C, 7EB74E စတဲ့ နာမည် တစ်ခုခုရှိနေပါတယ်။ ရှင်းလင်းလိုက်ပါ။ Regsvr(or) NewFolder.exe Virus ဒီ Virus ကတော့ Newfolder.exe နာမည်နဲ့ ကွန်ပျူတာရဲ့ နေရာအများအပြားမှာ ပြန့်နှံ့နေတတ်ပါတယ်။ Regsvr.exe ဆိုတဲ့ ဖိုင်တွေလည်းတွေ့ရပါတယ်။ Process မှာတော့ Svichossst.exe, regsvr.exe, New_folder.exe, newfolder.exe, svchost.exe စတဲ့ Process အချို့လည်းတွေ့ရပါတယ်။ ဒီဗိုင်းရပ်ဝင် ခံရရင်တော်တော်ကိုထိခိုက်ပါတယ်။ Regsvr Virus Cleaner နဲ့ရှင်းလင်းလိုက်ပါ။ အောက်မယ် ဒေါင်းလို့ရပါပြီ။ http://www.ziddu.com/download/14905425/MyanmarVirusCleaner.rar.html |
Babylon+Oxford မြန်မာ အင်္ဂလိပ် အဘိဒါန်
|
Drive တွေကိုဖွင့်ကြည့်မရအောင် Lock ချမယ်
မိမိကွန်ပျူတာမှာရှိတဲ့ ဖိုင်တွေ ။ ဖိုလ်ဒါတွေ။ Drive တွေကို မသက်ဆိုင်သူတွေကြည့်လို့မရအောင် Lock
ချထားပေးမယ့် Folder Lock ဆိုတဲ့ Software လေးကို လိုချင်သူများ အောက်မယ်ယူနိုင်ပါပြီခင်ဗျာ။ အသုံးပြုရတာ လွယ်ကူပြီး..Driver,Folder နဲ့ File တွေကို Lock ချထားလို့ရပါတယ်။ တစ်ခုချင်းစီကို Passwords ပေးပြီး လော့ခ်ချတာမဟုတ်တဲ့အတွက် Passwords မေ့မှာလဲမပူရတော့ပါူဘူး။ Download Here Password လေးတွေဖောက်ထွင်းကြည့်မယ်
Passwords ပေးတဲ့အခါမှာ များသောအားဖြင့် အတုံးလေးတွေဖြစ်နေတာများပါတယ်။ အဲဒါကို စာသား
အမှန်ပေါ်ဖို့ဆိုရင် ဒီ Software လေးကကူညီပေးပါလိမ့်မယ်။လုပ်ပုံလုပ်နည်းတွေကိုပါ တစ်ခါတည်းပြ ထားပါတယ်။ Passwords တော်တော်များများကို ကြည့်ရှုနိုင်ပါတယ်။သင့်သလို သုံးကြပေါ့။ ဒီ့ထက်ကောင်းတာလေးများရှိရင်လဲ ဝေမျှပေးကြပါဦးနော်။ ကဲ..အောက်မယ်ယူလို့ရပါပြီဗျာ။ကောင်းတဲ့နေရာမှာအသုံးချကြဖို့မျှော်လင့်ပါတယ်။ မောက်ရဲ့နောက်မှာစာတန်းလေးတွေထည့်မယ်
Mouse ရဲ့
အနောက်မှာ စာတန်းလေးပြေးနေတဲ့ Effect ကို အသင်းဝင်များ မှတ်မိကြမယ်ထင်တယ်။
အခု ဒီ Software လေးကတော့ မိမိကွန်ပျူတာရဲ့ Mouse ရဲ့နောက်မှာ
မိမိပေါ်ချင်တဲ့ စာသားကို ရိုက်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။
စိတ်ဝင်စားရင်တော့ Download လုပ်လိုက်ပါ။(www.m51a.com မှ တစ်ဆင့်ပြန်လည်ဖော်
ပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ.။) Download Here |